Friday, July 20, 2012

ရိုဟင်ဂျာတို့၏အကျပ်အတည်းပြေလည်ရန်အတွက်အာဆီယံဆွေးနွေးပွဲကျင်းပမည်


မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင်ရှိသော ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ထိရောက်စွာ ဖြေရှင်းရန် အာဆီယံနိုင်ငံများ အပါအ၀င်နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှဆွေးနွေးပွဲ တစ် ရပ်ကို လာမည့်သြဂုတ်လ (၁၄) ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါ သည်။ 

မလေးရှားအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှဥက္ကဋ္ဌ Datuk Zahidi Zainul Abidin က ကျင်းပ မည့်နေရာကို မကြာ ခင်ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့်ဒေသ တွင်းမှအစိုးရမဟုတ်သော အဖွဲ့အစည်း များ အားလုံးတက်ရောက်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားလိုက်သည်။ 

ဆွေးနွေးပွဲ၏အဓိက ရည်ရွယ်ချက်မှာ ရိုဟင်ဂျာလူမျိုးများကို ထိရောက်သော လူမှုရေးအထောက် အပံ့များနှင့် နေ့စဉ်လိုအပ် ချက်များ ကိုဖြည့်ဆည်းပေး ရန်နှင့်ကြီးမားသော အုပ်စုတစ်စုဖွဲ့၍ ရိုဟင်ဂျာ လူမျိုးများ ၏ အခက် အခဲပြဿနာ များကို ကူညီပြော ကြားပေး ရန်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 

ရိုဟင်ဂျာများ၏အကျပ်အတည်းသည်နှစ်ပေါင်းကြာရှည်နေပြီဖြစ်သော်လည်းအဖွဲ့အစည်းတစ်ခုအနေဖြင့်ရပ်တည်၍လိုအပ် သောအကူအညီများပေးနိုင် ခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် ၎င်းတို့နေထိုင်ရာဒေသ အတွင်းသို့လူမှုရေးအထောက်အပံ့များပေးနိုင်ခြင်း မရှိခဲ့ကြောင်း Mr. Zainul Abidin မှသတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment